Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ကိုပြောရင်မကြားပဲ သူပြောရင်ကြားရတဲ့ gtalkပြဿနာဖြေရှင်းနည်းလေးပါ

့ကျွန်တော့်လိုအခက်အခဲတွေရှိနေတဲ့မိတ်ဆွေများရှိနေကြမယ်ထင်လို့ ကိုယ်တိုင်
စမ်းသပ်ပြီးရလာတဲ့နည်းလမ်းလေးကိုကျွန်တော့မိတ်ဆွေများအလွယ်တကူဖြေရှင်းနိုင်အောင်
ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ ညွှန်းနေတာနဲ့ ဘာပြောမှန်းမသိဘူးလို့ မညီးလိုက်ပါနဲ့ ဟဲဟဲ...window 7 ရဲ့  Gtalk မှာ တဖက်ကပြောတာကိုကြားရပြီး ကိုပြန်ပြောတာကိုမကြားရတဲ့ပြဿနာဖြေရှင်းနည်းပါ။
ပြုလုပ်နည်းကတော့...
control panel / sound/recording ကိုဝင်ပြီး microphone ပုံလေးကို double click ပေးလိုက်ပါ၊ microphone properties ဘောက်ကျလာပါလိမ့်မယ်၊ အပေါ်မှာကြည့်လိုက်ပါ levels ကိုဖွင့်လိုက်ပါ၊
microphone နှင့် microphone boost setting ၂ခုကို တွေ့ ရင်အပေါ်က မိမိတို့ စက်ရဲ့ အသံအတိုးအလျှော့၊ အဝင်သံပေါ့နော်၊အောက်က microphone boost ကတော့မိမိတို့ ကပြောတဲ့အထွက်အသံပါ.အဲဒီအတိုးအလျှော့လေးကို +40.0 db ထိမြှင့်ပြီးပြောလို့ ရပါတယ်.ပြီးရင် ok လေးတွေ ဆက်တိုက်သွားပြီးရင်
မိမိတို့ ကွန်ပျူတာ မှာ ဂျီတော့ကိုစမ်းကြည့်ပါအဆင်ပြေမယ်လို မျှော်လင့်ပါတယ်.


အားလုံးပဲ မြိုင်မြို့ သားလေးစိုးဝင်းနိုင်မှကျေးဇူးတင်ပါတယ်

အင်္ဂလိပ်စကားပြောခိုင်းမယ်

ယနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ထိပ်တန်းတစ်နေရာမှာ ရှိနေတဲ့ ဘာသာစကားတစ်ခုပါ။ ဘယ်သွားသွား၊ ဘယ်လာလာ၊ Communication အတွက် တတ်ကျွမ်းဖို့ လိုအပ်ပါပြီ။

ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက အင်္ဂလိပ်စာ အသံထွက်များကို ပီပြင်စွာ ရွတ်ဆိုပေးတဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ မိမိတို့ သိချင်တဲ့ အသံထွက်များကို ကွက်လက်ထဲတွင် ရိုက်ထည့်၊ သို့မဟုတ် Copy ကူးထည့်ပြီး စကားပြောကို နားထောင်နိုင်ပါတယ်။ စိတ်ဝင်စားသူများ
ဒီမှာဒေါင်းပါ

အားလုံးအဆင်ပြေပါစေ...

start menu ကိုအရှိန်မြှင့်ရန်

မိမိ သုံးနေတဲ့ ကွန်ပျူတာကို မြန်ဆန်စွာ အသုံးပြုနိုင်ရန် နည်းလမ်းတွေထဲက တစ်ခု ဖြစ်တဲ့ Start Menu အရှိန်မြှင့်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်တိုင်း ပြုလုပ်ပါ-

၁ Start မှ Run ကိုဖွင့်ပါ။
၂ Run box တွင် regedit ကို ရိုက်ပါ။
၃ regedit box ပေါ်လာရင် HKEY_CURRENT_USER ကို ရွေးပါ။ ပြီးရင် Control Panel မှ Desktop ကို ဖွင့်ပါ။
၎ ညာဘက်တွင် MenuShowDelay ဆိုတာကို ရှာပါ။ တွေ့ရင် Double Click လုပ်ပါ။
၅ Value Data (၁၀၀)ကို (၄၀၀)ပေးလိုက်ပါ။

မသိသေးသူများအတွက်ရည်ရွယ်ပါသည်

USB Memory Stick ထဲကဖိုင်တွေကို ဖျက်မရ..ကော်ပီလုပ်မရတော့ဘူးလား။(ဖြေရှင်းနည်းလေးပါ)

ကွန်ပျူတာထဲကို ဗိုင်းရပ်စ်တွေကိုက်သွားတဲ့အခါ။ ဒါမှမဟုတ် ကိုယ့် Memory Stick ကို အခြားစက်မှာ ထိုးမိပြီး မိမိစက်ကိုပြန်ထိုးလိုက်တဲ့အခါ လျှို့ဝှက် Script တစ်ခုက မိမိကွန်ပျူတာထဲကို လျှို့ဝှက်ဝင်ရောက်သွားပါတယ်။
အဲဒီ Script ကဗိုင်းရပ်စ်လဲမဟုတ်ပြန်ပါဘူး။
သူက Autorun ကနေတစ်ဆင့် ၀င်ရောက်သွားတာပါ။ ဘာဘဲဖြစ်
ဖြစ် အခြားသောအကြောင်းအမျိုးမျိုးကြောင့် USB Memory Stick ထဲကဖိုင်တွေကို ကော်ပီလုပ်မရ..ဖျက်မရ
တော့ဘဲ..Write Protect ဆိုတဲ့ Error ဖြစ်ပေါ်လာရပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်း
မသိအောင် ဖြစ်ရတော့တာပါဘဲ။ အညာသားလေးကိုယ်တိုင်လဲ..ကြုံခဲ့ရဘူးပါတယ်။ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနည်းလေးကို ရေးပြပေးလိုက်ရပါတယ်။

ပထမဆုံး..Start>Run(box) မှာ regedit လို့ရိုက်ထည့်ပါ။ Registry Editor ပေါ်လာပါမယ်။ အဲဒီထည်းမှာမှ.
HKEY_LOCAL_MACHINE>>System>>CurrentControlSet>>Control>>StorageDevicePolicies ထိရောက်အောင် အဆင့်ဆင့်သွားပါ။ ရောက်ရင် ညာဘက်အခြမ်းမှာ WriteProtect ဆိုတဲ့ အပြာရောင်ဖိုင်လေး
တစ်ဖိုင်ကို နှစ်ချက်ကလစ်ပြီးရင် Value Data ‘1’ ဆိုတာကို ‘0’ လို့ပြန်ပြောင်းပေးလိုက်ပါ။ ပြီးရင် Registry
Editor
မှအပြီးထွက်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြီးရင် ပြန်စမ်းကြည့်ပါ။ Write Protect ဆိုတဲ့
Error မပေါ်တော့ပါ။အားလုံးကို..ကျေးဇူးတင်ပါတယ်ခင်ဗျာ..။

မှတ်ချက်။ ။Memory Stick ပျက်စီးနေပြီဆိုရင်တော့ အထက်ပါနည်းလဲ အသုံးမ၀င်တော့ပါ


Gtalk တွင် Autoreply တက်ရန်

ဒီတစ်ခါ ဖော်ပြမှာကတော့ မိမိသုံးနေတဲ့ gtalk မှာ auto reply စာပြန်တဲ့ စနစ်လေး တစ်ခုပါ။ စိတ်ဝင်စားတဲ့ ဆိုရင်တော့ အောက်ပါနည်းလမ်းလေး အတိုင်းသာ လုပ်လိုက်ပါတော့။

၁) www.answer.im ကို ဖွင့်ပါ။
၂) Account အကွက်တွင် Google Talk (Jabber) ကို ရွေးချယ်ပါ။
၃) ပြီးလျှင် ကိုယ့် ဂျီမေး name နှင့် password ကို ဖြည့်ပါ။ ပြီးလျှင် Login ကို နှိပ်ပါ။
၎) Authorise people ကို အမှန်ခြစ်ပေးပါ။ Status တွင် မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ပါ။ Autoresponse message: တွင် ကြိုက်နှစ်သက်ရာ စာရိုက်ပါ။
၅) ပြီးလျှင် Save Changes ကိုနှိပ်ပါ။ Box တစ်ခု ကျလာလျှင် Ok ။ ပြီးလျှင် Exit ကို ရွေးပါ။ ပြီးပါပြီ။ အကယ်၍ ကိုယ်ရိုက်ထားသည့် စာများပြန်ပြင်ချင်လျှင် တစ်ကနေပြောထားသည့်အတိုင်းသာ ပြန်လုပ်ပါ။ အဆင်ပြေပါစေ။


Software မသုံးပဲ ကွန်ပျူတာကိုမိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းမယ်

ဒီနည်းလမ်းလေးကတော့ Software မသုံးပဲ ကွန်ပျူတာကို မိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းလို့ရတဲ့ နည်းလမ်းလေးပါ။ Computer ကို နောက်ထပ် တစ်နာရီကြာရင် Auto Shutdown လုပ်ခိုင်း မှာလား? မိမိစိတ်ကြိုက် အချိန်အတိုင်းအတာ တခုကိုလဲ သတ်မှတ်လို့ ရပါတယ်။ နည်းလမ်းလေးကလဲ အရမ်းကို လွယ်ပါတယ်။ အောက်ကနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့် လိုက်ပါနော်........

1. Start Menu bar မှာရှိတဲ့ Start ကို click လုပ်လိုက်ရင် box လေးတခုကျလာပါမယ်။ အဲဒီ box ထဲက ညာဘက် အောက်နားမှာ Run ဆိုတာတွေ့ရပါလိမ့်မယ်။ ပြီးရင် Run Box ထဲမှာ shutdown.exe -s -t 3600 ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် အထက်မှာပ်ါလာတဲ့ shutdown.exe -s -t 3600 ကို click လုပ်လိုက်ပါ။ 3600နေရာမှာ မိမိတို့စိတ်ကြိုက်အချိန်ကို သတ်မှတ်ပေးလို့ရပါတယ်။ ကျွန်တော်တို့ အဲ့ဒီကွန်မန်လေး
ပေးပြီးနောက်ထပ် စက္ကန့် ( 3600 ) တစ်နာရီကြာရင် စက်ကအလိုလို Shut down ကျသွားပါလိမ့်မယ်။

တချို့ Window Vista နဲ့ Window 7 တွေမှာတော့ Run ဆိုတာကို မြင်ရမှာ မဟုတ်ပါဘူး။ Start Menu bar မှာရှိတဲ့ Start ကို click လုပ်လိုက်ရင် ကျလာတဲ့ box လေးရဲ့ ဘယ်ဘက် အောက်ဆုံးမှာ Search programs and files ဆိုပြီး စာရိုက်ဖို့ နေရာလေး ပေးထားပါတယ်။ အဲဒီမှာ ရိုက်ထည့်လည်း ရပါတယ်။ နောက်တနည်းက Window + R ကို အတူ နိုပ် ပြီး ကျလာတဲ့ box ထဲမှာ ရိုက်ရင်လည်း ရပါတယ်။

2. တကယ်လို့ ကျွန်တော်တို့ပေးထားတဲ့အချိန်မှာ Shut down မချချင်တော့လို့ ပေးထားတဲ့ ကွန်မန်းလေးကို ပြန်ပြီးဖျက်ချင်တယ် ဆိုရင်လဲရပါတယ်။ Run Box ထဲမှာ shutdown.exe -a ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်ကျွန်တော်တို့စောစောကပေးထားတဲ့ ကွန်မန်းလေးပြန်ပျက် သွားပါလိမ့်မယ်။

ကိုယ့်အကောင့်ထဲက သူငယ်ချင်းတွေကိုတစ်ပြိုင်နက်မေးပို့မယ်ဆိုရင်

၁။ G-mailထဲကို ၀င်ပါ။
၂။ compose mail ကို နှိပ်ပါ။

၃။ To ကို နှိပ်ပါ။ စာမျက်နှာတစ်ခု ပေါ်လာပါမယ်။

၎။ ပေါ်လာတဲ့ စာမျက်နှာထဲကို My contacts က နှိပ်ပါ။

၅။ ပေါ်လာသည်ထဲမှ All contacts ကို နှိပ်ပါ။

၆။ Select နှင့် Noneတို့ရဲ့ အလယ်က All ကို နှိပ်ပါ။ ခဏစောင့်ပါ။
အကောင့်းတွေကို အမှန်ခြစ် ခြစ်ပေးပါလိမ့်မယ်။

၇။ အောက်ဆုံးက Done ကို နှိပ်ပါ။

မှတ်ချက်- မေးလ်ပို့ပုံကတော့ ပို့ရိုးပို့စဉ်အတိုင်းပါပဲ။ မေးလ် လိပ်စာရေးမည့် To
နေရာမှာပဲ ပြောင်းပေးရတာပါ။


လာလည်ကြသောသူငယ်ချင်းအားလုံးအဆင်ပြေပါစေ