Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

နောင်တ-၁၀ မျိုး


နောင်တ - ၁၀ မျိုး

၀၁။ အချိန်ရှိ ငယ်စဉ်က ပညာမသင်မိခဲ့လေခြင်း

၀၂။ ဥစ္စာ မစုဆောင်းမိခဲ့လေခြင်း

၀၃။ သူတစ်ပါးအချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း

၀၄။ သူတစ်ပါးအသက်ကို သတ်မိခဲ့လေခြင်း

၀၅။ သူတစ်ပါးသားမယားကို ပစ်မှားမိခဲ့လေခြင်း

၀၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း

၀၇။ ဆုံးမ စကားကိုနားမထောင်မိခဲ့လေခြင်း

၀၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း

၀၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားမိခဲ့လေခြင်း

၁၀။ မြတ်သောအကျင့်ကို မကျင့်မိလေခြင်း

စိတ်၏ဆွဲဆောင်ရာ


ဝါးတားတား မနက်ဖြန်တွေထဲက
ငါ တောင်းတနေတဲ့ ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသော အချိန်ကို မျှော်လင့်ရင်း
သူ့အတွက် ကျွန်တော် ရင်ခုန်နေပါရစေ ..

နေ့တွေ ညတွေ ပြောင်းနေသော်လည်း
နှလုံးသားတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားရင်း
ရိုးသားစွာ သူကို ကျွန်တော်မျှော်နေပါရစေ ..

ဝေးလွန်းတဲ့ဘ၀တွေ
ဆုံနိုင်ရန်ခက်ခဲနေတော့
အဝေးက ဖျော့တော့တော့ နေရောင်လေးကို ငေးရင်း
မနက်ဖြန်လည်း ကျွန်တော်သူ့ကို မျှော်နေပါရစေ ..

အိပ်မက်နဲ့ စိတ်ကူးကို အဖော်လုပ်ရင်း
ကျွန်တော် သူ့ကို
နေ့တိုင်း လွမ်းနေပါရစေ ..

လေပြေအေးအေး နှင်းဖွေးဖွေးမှာ
နွေးနေ နေရာ ပြေးမရှာနဲ့
ပြင်းပြင်းမေတ္တာ ချစ်လှစွာဖြင့်
နေရာတိုင်းပေါ် မျှော်တဲ့စိတ်ကလေး
ရင်မှာ ဖြစ်တည်
အလွမ်းသည် ဟန်မဆောင်တတ်ပါ …

အမြင့်ကိုမှန်း လက်ကိုကမ်း
မလျှော့မေတ္တာ
မပျယ်သော ချစ်ခြင်းဖြင့်
တသွင်သွင်စီး ငါ မငြီးပေ
စက္ကန့်တိုင်းမှာ အလွမ်းအပြည့် …

နှင်းတွေကြွေတဲ့ လမ်းမှာ
လမ်းလျှောက်ခဲ့တဲ့ငါ
အခုတော့ ပုံပြင်ထဲက အလွမ်းသမားလေးလို
တိတ်တိတ်ကလေး လွမ်းနေရပြီ ..

မင်းပေးတဲ့ချစ်ခြင်းတွေနဲ့ အေးမြတဲ့ရာသီကို ငါဖြတ်သန်းခဲ့တယ်

လေတို့၏ ခေါ်ဆောင်ရာ သစ်ရွက်ကလေးတွေ လိုက်ပါသော်လည်း
ခံစားချက်၏ ခေါ်ဆောင်ရာ အချစ်မလိုက်ပါတော့
လွမ်းခြင်း တစ်ခုသာ ……………………………..

လမ်းခွဲခြင်း

အားနည်းချက်ဆိုတာကို စမြင်လာတဲ့အချိန်ဟာ
လမ်းခွဲခြင်းကို စတင်လာတဲ့အချိန်ပါပဲ

တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့
ကံတွေပါလာတယ်
တစ်ယောက်နဲ့တစ်ယောက်ခွဲခွာဖို့
ကံတွေပါလာတယ်..

ဝလုံးလား သုညလား အမြင်တွေကွဲပြား
တစ်ယောက်နဲ့တစ်ယောက်ငြင်းကြခုန်ကြရင်း
လမ်းခွဲခြင်းဆိုတာ စတင်လာခဲ့တယ်…

အခုထိဆုံနိုင်ခွင့် မရှိသေးတဲ့ တို့နှစ်ယောက်ဘဝ
ဒါကို အချစ်လို့ ယူဆခဲ့ကြတယ် ..

အငွေ့ပျံ၍ ပျောက်ကွယ်သွားသောအရာများတွင်
ချစ်ခြင်းတရားများ အဖော်လိုက်လေတော့
လမ်းခွဲခြင်းဆိုတာကိုလည်း မတားဆီးနိုင်တော့ဘူး ..

အချစ်ကိုတိုင်းတာဖို့ ပေတံရှာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ချစ်ခြင်းတရားတွေအနားက ထွက်ခွာသွားခဲ့တာ
အဆုံးရလဒ်က လမ်းခွဲခြင်းသာ

အချစ်မှာလောဘကြီးတော့
တကယ်ရင်မောရတယ်..
ဖိတ်မံတကာ စိတ်ကြံရာပြု
နှလုံးသားကို အလှူပေး
အဝေးကို ပြေးပါပြီ

ချစ်တယ် ဆိုတာ
ပုံပြင်ဖြစ်သွားပြီ ။

Snuo Mwoani

ခွဲခွာခြင်း၊ ဝေးကွာခြင်း ကင်းဝေးကြပါစေ...

picture collage maker pro 2.0.6 serial.rar(50.06)MB

အဲဒီပုံလေးကို ကြိုက် ကြ လား..အခု ကျွန်တော် ပေး ထား တဲ့ software လေးနဲ့လုပ်ထားတာ

အသုံးပြုပုံကလည်းပြောဖို့မလိုအောင် ကို လွယ် ကူ ပါတယ်..သုံးကြည့်ကြပေါ့ဗျာစိတ်ဝင်စားတယ်ဆိုရင်တော့အောက်ကလင့်လေးကိုနှိပ် ဒေါင်းပြီးသွားရင်ကိုယ်တိုင်စမ်းကြည့်လိုက်ပါ
http://www.mediafire.com/?gimzwm2vofg#2
အားလုံးအဆင်ပြေနိုင်ပါစေ....