Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ကိုပီတာရဲ့အတွေးပုံရိပ်လေးတွေပါ

အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ အင်
တာနက်လိုင်း အဆင်မပြေခင်ကာလအတွင်း  ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေ
ဖို့  ယခင်အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေကို schedule နဲ့ တင်
ပြလိုက်ပါတယ်...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်
ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါ
သနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်တောင်မှ ခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...

ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...

ဖြည့် စွက်၊ဖြန့် ထွက်တွေးတောနိုင်ကြပါစေသတည်း...
သူ့ ဖြတ်ထိုးဥာဏ် ကောင်းလှပြန်..
ဂေါက်သီးလိုက်ကောက်စရာမလိုတဲ့ ဂေါက်ရိုက်ကျင့် နည်း....
 ရင်ကိုခွဲလို့ ပေးပါမယ်ဆိုတဲ့ ....ဖန်တီးသူရဲ့ စိတ်ကူး....
ကိုင်း...ဘယ်သူခိုးနိုင်ဦးမလဲ...ငါ့ မိုဘိုင်းလ်..
ငယ်ဘ၀ကိုသတိရသေးမိပေါ့ ....သူတို့ လည်းနည်းမျိုးစုံသုံးကြတာပါပဲ...
ရုရှားကချစ်သူအတွက် သူ့ ရည်းစားရဲ့ လက်ဆောင် နောက်ဆုံးပေါ်မော်ဒယ် ကား...
ငှက်သိုက်က အဘခေါ်ရမယ့် သူ့ ဆံပင်ပုံ..
အရုပ်အဆိုးဆုံးခွေး..
 
ထူးထူးခြားခြားရုပ်ပြလေးတွေပါ..........

ခင်ဗျားကိုကျွန်တော်ချစ်တယ်

“ ခင်ဗျားကို ကျွန်တော်ချစ်တယ် ”

ဒီလိုပါပဲ...ဘာရယ်မဟုတ်တဲ့ အသိစိတ်လေးတစ်ခုနဲ့
ဒီရင်တစ်ခုလုံးဝုန်းဒိုင်းကျဲ
နေရာတကာမှာ...မိုးတွေသည်းတယ်...
ရုပ်တရားရယ်..နာမ်တရားရယ်...
လင်းလက်တဲ့အသိဥာဏ်တစ်ခုနဲ့...
သံသရာ..တလျှောက်လုံးပေါ့
“ ခင်ဗျားကိုကျွန်တော်ချစ်တယ် ”
အဘယ်သို့သော သံယောဇဉ်တွေက
ရင်ကို ချည်နှောင်ခဲ့ပါသလဲ ?
နှင်းငွေ့တို့ စိုစွတ်ချိန်...
ကောင်းကင်တစ်ခွင်မှာ...
လျှပ်တပြတ် အသက်ရှုရပ်သလို
“ ခင်ဗျားကို ကျွန်တော်ချစ်မိသွားတယ် ”
နိဒါန်းမရှိဘူး ၊ နိဂုံးမရှိဘူး
စိတ်ဝိဥာဉ်တစ်ခုလုံးနဲ့
“ ခင်ဗျားကို ကျွန်တော်ချစ်တယ် ”