Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ကော်နရှင်မကောင်းလျှင် သုံးနိုင်သောနည်းစနစ်များ

အင်တာနက်သုံးကြည့်တဲ့ခါလိုင်းမကောင်းလို့ ဘလော့တင်မရ၊ ဖွင့်မရ၊ gtalk gmail ဖွင့်မရတာတွေ များနေလို့ မိမိတက်သိနားလည်သလောက် လိုက်ရှာကြည့်ရာ အောက်ပါဆိုဒ်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဆိုဒ်လေးတွေကို ဖွင့်ကြည့်တဲ့ခါ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကော်နရှင်ကျတဲ့ချိန်တွေမှာ သုံးလို့ရတဲ့အတွက် အဲဒါတွေကို သုံးကြည့်ပြီး မြန်မာပြည်မှ ဒကာ၊ ဒကာမများ အသုံးပြုလွယ်ကူစေရန် ဦးဇင်းမျှဝေပေးလိုက်ပါတယ်။ ဦးဇင်းအကောင့်ထဲမှာမရှိတဲ့သူတွေကိုလည်း တစ်ဆင့်ချင်းစီ ပြန်လည်မျှဝေပေးကြပေါ့လေ။ ပထမဦးဆုံး gtalk ၀င်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။
       ၁။  http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။
       ၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။
        ၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။
        အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။
        gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။
        ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။
        တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။
ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။ ဦးဇင်းရဲ့ အင်တာနက်မှာ ဘာသာရေးအကြောင်း အမေးအဖြေများနဲ့သိသင့်သည့်များ ရေးသားတင်ပြချက်များကိုတော့ (၅)လပိုင်း ပြည်ပပြန်ရောက်မှပဲ ဖတ်ရှု့ကြပေါ့လေ။ ခုတော့ သွားလာစရာများတာနဲ့ရော အင်တာနက်မသုံးဖြစ်တာများတာကရောကြောင့် ဘလော့ပို့စ်တင်ခြင်းများ မပြုလုပ်နိုင်တာကို သည်းခံစောင့်ဆိုင်းပေးကြပါလေ။
        ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxyနဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ ဦးဇင်းကတော့ ခုဖော်ပြခဲ့တဲ့နည်းစနစ်လေးတွေရှာဖွေအသုံးပြုခဲ့တာ အဆင်ပြေပါတယ်။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။
        မှတ်ချက်။ နည်းပညာများ ကျွမ်းကျင်၍ ရေးသားတင်ပြခြင်းမဟုတ်ပါ။အရှင်ကောမလ(ခ)ဆန်နီနေမင်းမှတစ်ဆင့်...အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

Antivirus အလုပ်လုပ်မလုပ်စစ်ကြည့်ရအောင်

ကျွန်တော်တို့ ၇ဲ့ကွန်ပျူတာကို
Virus တွေဝင်ေ၇ာက်နေခြင်းကနေပြီး အကာအကွယ်ပေးနိုင်ဖို့အတွက်အမျိုးမျိုးသော Antivirus တွေကိုအသုံး
ပြုနေကြပါတယ်။ကျွန်တော်တို့ အသုံးပြုနေတဲ့ Antivirus လေးကတကယ်ေ၇ာအလုပ်လုပ်၇ဲ့လားဆိုတာသိချင်
သူများအတွက် အခုကိုနေမင်းမောင်ရဲ့နည်းလမ်းလေးအတိုင်းစမ်းသပ်ကြည့်လိုက်ပါ။အဆင်ပြေသွားပါလိမ့်မယ်။

1.ကျွန်တော်အောက်မှာပေးထားတဲ့ code လေးကို notepad ထဲသို့ကူးထည့်ပြီး Destop ပေါ်တွင် .bat,.exe  ဖြင့် save လိုက်ပါ။

      X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*       


2.တကယ်လို့မိမိတို့ အသုံးပြုနေတဲ့ Antivirus လေးကအလုပ်လုပ်တယ်ဆို၇င်တော့ဒီကောင်လေးကို save
  လိုက်တဲ့အချိန်မှာ အဲ့ဒီဖိုင်လေးဟာ  Destop  ပေါ်မှာပေါ်နေမှာမဟုတ်ပဲပျောက်သွားပါလိမ့်မယ်။

3.ကျွန်တော်တို့သုံးနေတဲ့ Antivirus ကအလုပ်မလုပ်ဘူးဆို၇င်တော့အဲ့ဒီကောင်လေးကို save လိုက်တဲ့အ
  ချိန်မှာ .bat,.exe ဆိုတဲ့အမည်နဲ့ ဖိုင်လေးတစ်ခုကို Destop ပေါ်မှာတွေ့ ၇ပါလိမ့်မယ်။ဒါဆို၇င်တော့အခု
  သုံးနေတဲ့ Antivirus လေးကိုဖြုတ်ပြီးနောက်ထပ်အသစ်တစ်ခုသာပြောင်းသုံးလိုက်ပေါ့ဗျာ။

လာလည်ကြသောသူငယ်ချင်းအားလုံးမြိုင်မြို့ သားလေးစိုးဝင်းနိုင်မှကျေးဇူးတင်ပါတယ်

USB Disks Eject.exe




ပြောရမယ်ဆိုရင်ဗျာ..usbတွေကိုကျွန်တော် တို့ လုပ် ထုံး လုပ် နည်းအတိုင်း ထုတ် စ ရာ

မလို ပဲ နဲ့ ဒီ ကောင်လေးကို double ကလစ် လိုက် တာ နဲ့ ပြုတ်သွားမယ့်ဆော့ဝဲ လေးပါ

သုံးနည်းကတော့လွယ်လွယ်လေးပါ..ကိုယ့် usb ကို ထုတ် ချင်တယ် ဆိုရင် သူ့ကို double

click လုပ် ပေး လိုက် ပါ..အောက်ကအတိုင်းမြင်ရမှာပါ

အဲအပေါ်မှာဆက်ပြီးdouble click လုပ် ပေး လိုက်ပါ..အောက်ကအတိုင်းမြင်ရရင်ကိုယ့်USB

ကိုဆွဲထုတ်လို့ရပါပြီ

ကဲ...ဘယ်လောက်လွယ်ပြီးအသုံးတည့်လဲ......မိုက်တယ်နော်..................အဲလိုမျိုးလေးတွေ...


မျှော်ကြနော် စိတ်ဝင်စားသူတွေအောက်မှာဒေါင်းကြပေတော့ဗျို့ ...

download(mediafire)

အားလုံးပဲ မင်္ဂလာပါ...လာလည်ကြသောသူငယ်ချင်းအားလုံးအဆင်ပြေကြပါစေ...

ကွန်ပျူတာသုံး မြန်မာစာဖောင့်တစ်ခုပေါ်လာပြန်ပါပြီ

ပြည်တွင်းနည်းပညာလောကတွင် မြန်မာစာကို တိတိကျကျ အချက်အလက် သိမ်းဆည်းနိုင်ခြင်း (Data Collection) မပြုလုပ်နိုင်သေးခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တီထွင်ထားခြင်းဟုဆိုသော မြန်မာစာဖောင့် အသစ်တစ်ခုဖြစ်သည့် စံမြန်မာ (Sanmyanmar Font)ကို ပြည်တွင်းမှ မြန်မာစာဖောင့်များ လေ့လာနေသူတစ်ဦးက စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မကြာသေးမီကမှ ထွက်ပေါ်လာသော အဆိုပါ စံမြန်မာဖောင့်သည် လုပ်ငန်းခွင်အတွင်း သုံးစွဲမှု၌ အဆင်ပြေလွယ်ကူမှုရှိခြင်း၊ မြန်မာစာ စာလုံးအမျိုးအစားများ စနစ်တကျရှိခြင်း၊ Data အတိအကျ၊ နံပါတ်အတိအကျနှင့် ခေါ်ယူသုံးစွဲနိုင်သဖြင့် သုံးစွဲရာတွင် လွဲချော်မှုများ မရှိနိုင်ခြင်းစသည့် အားသာချက်များ ပါဝင်ကြောင်း ယင်းဖောင့်ကိုတီထွင်သူဖြစ်သည့် ဦးဝင်းမြင့်က ဆိုသည်။အဆိုပါ

 စံမြန်မာဖောင့်ကို

  • ဒီနေရာလေးမှာ
  • သွားရောက်လေ့လာအသုံးပြုနိုင်ပါတယ်။ယူနီကုဒ်ဖောင့်များကို အခြေခံထားသည်ဟုဆိုသော အဆိုပါ စံမြန်မာဖောင့်၏ လက်ရှိဗားရှင်းမှာ ၁.၇ဖြစ်ပြီး Window XP, Windows Vista, Windows 7တို့တွင် သုံးစွဲနိုင်သည်။ ယခင်ထွက်ပေါ်ခဲ့သော အခြားယူနီကုဒ်ဖောင့်များနှင့် ကွဲပြားသည်ဟုဆိုသော စံမြန်မာ ဖောင့်နှင့်ပတ်သက်၍ အင်တာနက်ပေါ်ရှိ နည်းပညာဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဖလှယ်သည့် ၀က်ဘ်ဆိုက်အချို့တွင် ဝေဖန်သုံးသပ်ချက် အမျိုးမျိုးရှိနေသည်။ ထို့အပြင် အဆိုပါ ဖောင့်၏ အားနည်းချက်တစ်ခုမှာ လက်ရှိကွန်ပျူတာကီးဘုတ်များ၏ လက်ကွက်နှင့် မကိုက်ညီခြင်းဖြစ်ကြောင်း လက်တွေ့သုံးစွဲသူတချို့ကပြောသည်။

    Google Hack Software လေးပါ

    Google Hack ရင် ဘာရမှာမှတ်လို့.... ။အော် လွယ်လွယ်လေးဗျာ... Google ကို ဟက်ရင် Google မှာ ရှိတဲ့ ဟာလေးတွေရမှာပေါ့.. အဲ... Google မှာ ကိုယ်ရှာချင်တာတွေ ရာမှာပေါ့ ။ ကိုယ်ရှာနေတာကို မြန်မြန်တွေ့ရတာပေါ့ဗျာ ။ ဒီဆောပ်ဝဲလ်ကို ဟက်ဟက်ဆိုပြီး သူများကို ပြသနာပေးဖို့မပါပါ ။ ရှာဖွေနေသောသူများ အတွက် အထောက်အကူပြုစေချင်းသာ ။ ဥပမာ စာအုပ်တွေသီချင်းတွေ ကျော်ခွတွေ ဘာတွေ ညာတွေပေါ့ ... အဲဒါတွေကို ရှာဖွေချင်တယ်ဆိုရင် ဒါလေးကို သုံးပြီး ရှာလိုက်ပါ ။ လွယ်လွယ်ကူကူ မြန်ဆန်စွာနဲ့ မိမိလိုအင်ကို ပြည့်ဝစေမယ့်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ ။ ဒါလောက်ပြောထားလိုက်ရင်လည်း တော်သင့်နေပြီ ပုံကြည့်ပြီး သုံးတတ်မယ်ထင်ပါတယ်ဗျာ ။စိတ်ဝင်စားသူများ

  • ဒီနေရာလေးမှာလာဒေါင်းပါ

  • အားလုံးပဲ အဆင်ပြေပါစေ...လာလည်ကြသောသူငယ်ချင်းအားလုံးမြိုင်မြို့ သားလေးစိုးဝင်းနိုင်မှကျေးဇူးတင်ပါတယ်ခင်ဗျာ