Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

Cool Screen Capture v7.0.1.521


Screen ကို Capture ဖမ်းယူရသော လုပ်ငန်းစဉ်များအတွက် Screen Capture Software များစွာရှိသည့် အနက် အသုံးပြုရလွယ်ကူသော Cool Screen Capture မှာ version 7.0.1.521 ထိပင် ထွက်ရှိလာခဲ့ပါပြီ။ Capture ဖမ်းယူရာတွင် ကွန်ပျူတာနောက်ခံကြီးတစ်ခုလုံးကို အရည်အသွေးကောင်းမွန်သော AVI အမျိုးအစားဖြင့် ထုတ်ယူ ရရှိနိုင်ပါတယ်။ သင်ထောက်ကူမှု ပြုရသော လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထူးပင် သင့်လျော်လှပါသည်။
အားလုံးပဲအဆင်ပြေကြပါစေ လာလည်ကြသောသူငယ်ချင်းအားလုံးမြိုင်မြို့ သားလေးမှကျေးဇူးအထူးတင်ပါတယ်

Zawgyi Keyboard Installer for Windows 7 (64-bit) များအတွက်

ကိုယ်တိုင်တွေ့ကြုံရတတ်သောအတွေ့အကြုံလေးတွေနဲ့အတူဇော်ဂျီမြန်မာစာအတွက်အခက်အခဲဖြစ်နေသူများ
အတွက်ဒါလေးကိုတင်ပေးပါလိုက်ပါတယ်။Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။ -အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။ -သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ။အားလုံးအဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ...

အားလုံးပဲအဆင်ပြေကြပါစေ လာလည်ကြသောသူငယ်ချင်းအားလုံးမြိုင်မြို့ သားလေးမှကျေးဇူးအထူးတင်ပါတယ်

Ecodsoft Keylogger 2.1 လေးပါ


Ecodsoft Keylogger ဟာ သင့်မရှိသည့်အခိုက် သင့်ကွန်ပျူတာကို တစ်စုံတစ်ဦးက အသုံးပြုထားသည့် မှတ်တမ်း များအားလုံးကို ပြန်လည် စစ်ဆေးကြည့်ရှုနိုင်ပေသည်။ ကွန်ပျူတာရဲ့ နောက်ကွယ်မှ တိတ်တဆိတ် အလုပ်လုပ် နေပြီး ကွန်ပျူတာမှ လုပ်ဆောင်ချက် အားလုံးကို မှတ်သားပေးနေပါသည်။ ထို့ကြောင့် keylogger အသုံးပြုပြီး အခြားသူ များရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးစေမည့် အမူအကျင့်များအတွက် ရှောင်ကြဉ် သင့်ပါသည်။ နည်းပညာအရ ခြေတစ်လှမ်းနောက်မကျ စေရန်အတွက် ရည်ရွယ်ပါသည်။စိတ်ဝင်စားသူများအောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ...

အားလုံးပဲအဆင်ပြေကြပါစေ လာလည်ကြသောသူငယ်ချင်းအားလုံးမြိုင်မြို့ သားလေးမှကျေးဇူးအထူးတင်ပါတယ်

ဘာသာစကား (၂၄)မျိုးမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း

အားလုံးသောသူငယ်ချင်းများနဲ့ ဘာသာစကား(၂၄)မျိုးမှမြန်မာဘာသာသို့ပြန်ဆိုလိုသောသူများအတွက်အဆင်ပြေလိမ့်မယ်ထင်တာနဲ့ဒါလေးကိုတင်ပေးလိုက်ပါတယ်။ဘာသာစကား (၂၄)မျိုးမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုနိုင်သော http://www.myordbok.com/ site တစ်ခုဖြစ်သည်။ မြန်မာဘာသာသို့ ပြန်ဆိုမည့် သူများအတွက် လွယ်ကူ အဆင်ပြေစေပါသည်။ ၎င်း website မှ ဘာသာပြန်ပေးနိုင်တဲ့ ဘာသာ စကား (၂၄)မျိုးတို့မှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကား (၂၄)မျိုး ကို မြန်မာ ဘာသာသို့ ပြန်ဆိုနိုင်မည်ဖြစ်သည်။

မှတ်ချက်။  ။မသိသေးသောညီကိုမောင်နှမများအတွက်ရည်ရွယ်ပါသည်...အားလုံးကိုကျေးဇူးတင်ပါတယ်