Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ခလုတ်မှန်းမသိလို့ပါကွယ်


အလွန် အရှက်ကြီးသော မိန်းမပျိုလေး တစ်ယောက်၊ ငယ်သူတို့ဘာဝ ချစ်သူရည်းစား အဖြစ် လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။ တစ်နေ့မှာ ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေး သစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့ နေကြတယ်။
သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူ အပြင် အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင် လာခဲ့ပါလေရော။ ခက်ပြီ။ အရှက်ကလည်းကြီး၊ ချစ်သူကလည်း အနီးမှာ အတူထိုင်နေလေများ လည်မိလိုက်လို့ကတော့ မဟာ အရှက် ဟက်တက် ကွဲတော့မှာပဲ။

လေမလည်မိအောင်အတင်းအောင့်အည်းထားရတယ်။
အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။ အဲဒီ ကွေးနေတဲ့ ခြေချောင်းတွေနဲ့ ခြေမကို မြင်သွားတဲ့ ချစ်သူက “အချစ်ရဲ့ ခြေချောင်းလေးတွေက
လှရဲ့သားနဲ့ ဘာလို့ ကွေးထား တာလဲကွယ်” လို့ ပြောပြောဆိုဆို ခြေမလေး တစ်ဖက်ကို ကိုင်ပြီး ဆန့်လိုက်တယ်။ မိန်းမပျိုမှာ အောင့်ထားလို့ မရတော့ဘဲ ကျယ်လောင် ရှည်လျားတဲ့ အသံနဲ့ လေလည်လိုက်မိသွားရော။ မိန်းမပျိုလေးဟာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်း သေမလို ဖြစ်သွားတယ်။ချစ်သူကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာပျာသလဲ ချော့မော့တောင်းပန် လိုက်တာက “အချစ်ကလေးရဲ့ အီးခလုတ်မှန်း မသိလို့ ကိုင်မိလိုက်တာပါ။ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်။ နောက်ဆို မကိုင်မိ စေရပါဘူးနော်”တဲ့။

ထုံမှထုံတတ်ပလေ


မိအေးထုံသည် ဦးကွန့်၏ မယားပါ သမီးဖြစ်သည်။ ဦးကွန့်သည် ပထွေးဆိုသော်လည်း အေးထုံကို သမီးရင်းကဲ့သို့ ချစ်သနားသည်။ အေးထုံက အမည်နှင့် လိုက်သည်။ အေးဆေးသည်။ ထုံနန နှင့် သူ့ပင်ကိုယ်စရိုက်က မှာသည့် အတိုင်း ပြောသည့် အတိုင်းသာ လုပ်တတ်၏။



“ဧည့်သည် အတွက် ခရားထဲ ရေနွေးထည့်ခဲ့” ဟုပြောလျှင် ရေနွေးပဲ ထည့်လာ၏။ လက်ဖက်ခြောက် မခပ်။ “လက်ဖက်သုပ်လိုက်” ဆိုလျှင် လက်ဖက်ကိုချည်း ဆီဆမ်း၊ ဆားဖြူး၍ နယ်လာ၏။ ဘာအဆာမှ မပါ။ ဒီလို ထုံနန၊ အေးဆေးပြီး ရိုးရှာလွန်းသဖြင့် ဦးကွန့်က သနားသည်။ သမီးရင်းလေးနှယ် သံယောဇဉ် ကြီးသည်။တစ်နေ့ ဦးကွန့်သည် စိတ်တို ဒေါပွလျက်


“ဟဲ့ မိအေးထုံ၊ နင်မှန်မှန် ပြောစမ်း၊ အင်တိုင်းသာက ဒင်ကြီးဆိုတဲ့ ကောင်နဲ့ ကြိုက်နေတယ်ဆို။ ရွာနောက်ဖေးက ကောက်ရိုးပုံဘေးမှာ ချိန်းချိန်းတွေ့သတဲ့”

“မဟုတ်ပေါင်တော်၊ ဘယ်ကောင်တွေက ကုန်းတိုက်လိုက်လဲ မသိဘူး”

“ဘယ်ကောင်ပြောပြော မဟုတ်ဖို့ အရေးကြီးတယ်။ နောက်နောင် ဘာသံမှ မကြားချင်ဘူး။ဘယ်သူ့မှလဲ လက်မခံနဲ့၊ ဘယ်ကောင်က ဘာပြောပြော၊ ခေါင်းခါပြလိုက်၊ ကြားလား”

“ဟုတ် ဟုတ်ကဲ့”

(၅) ရက်ခန့် အကြာတွင် ဒင်ကြီးနှင့် အေးထုံ ချိန်းတွေ့ဖြစ်ကြသည်။ ထိုသို့ ချိန်းတွေ့ရာတွင် ဒင်ကြီးက
“အေးထုံ နင့်ကို ငါလေ အာဗွား ပေးချင်တယ်။ နင်စိတ်ဆိုးမှာလား” အေးထုံက ခေါင်းခါပြ၏။ ထို့ကြောင့် ဒင်ကြီးက အေးထုံ၏ ပါးလေးကို အာဗွား (မွှေးမွှေး)ပေးလိုက်လေ၏။

အေးထုံက ရှက်စနိုးဖြင့် ခေါင်းလေး ငုံ့သွားရာ ဒင်ကြီးက
“အေးထုံ နင် ငါ့ကို စိတ်ဆိုးသွားလားဟင” အေးထုံက ခေါင်းလေးကို ခါရမ်းပြလိုက်၏။ ဤတွင် ဒင်ကြီးက အေးထုံအား အကြိမ်ကြိမ် အခါခါ အာဗွား အာဗွား အာဗွား လိုက်သတည်း။

ဝါးနွယ်မြေ (ပြေအေး)

အပျိုလေးမို့ပါရှင်



တိုက်နယ်ဆေးရုံကလေးသို့လှည်း
တစ်စီးနှင့် တင်လာသော လူနာတစ်ဦး ရောက်လာသည်။ လူနာမှာ အမျိုးသမီး လူနာဖြစ်သည်။ အသက်အရွယ် ငယ်ငယ်ဖြစ်သည်။
နုနယ်ပျိုမြစ်သော အနှီ မိန်းကလေး လူနာမှာ တော၏ သမီးပီပီ နွားစာစဉ်းရင် ၀ဲဘက်လက်မှာ ဓားစက် ထိသွား၏။ သွေးများအထွက်ကာ သတိ ပင် မရတစ်ချက်၊ ရတစ်ချက် ဖြစ်နေခဲ့သည်။အတော်ခေါင်သော ရွာမှ ဤတိုက်နယ်ဆေးရုံထိ လာပို့ခြင်း ဖြစ်သည်။ လှည်းမောင်းသူ၊ အကူအညီ အမျိုးသားအပြင် လူနာ၏ မိခင် အဘွားကြီး ငိုကြီး ချက်မနှင့် လိုက်ပါလာ၏။တာဝန်ရှိ ဆရာဝန်၊ သူနာပြုများ လုပ်ငန်း စဉ်အရ စမ်းသပ်ပြီးနောက် ဆရာဝန်က လူနာ၏ သွေးအမျိုး အစားကို စစ်ပြီး လူနာကို “အိုသွေး” သွင်းရမယ်ဟု ပြောသော အခါ၊ ရိုးသားလှသော လူနာရှင် မိခင်ကြီးက

“ကျွန်မသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့ မသွင်းပေးပါနဲ့ ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲ သွေးပါနော်”တဲ့။