Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

သင့်ရဲ့ Password ကို Hacker တွေဘယ်လိုခိုးယူကြလဲ?ဘယ်လိုကာကွယ်မှာလဲ

ဒီပို့စ်ကို ရေးဖို့စဉ်းစားရပါတယ်ဗျာ .. ဟက်ကာလုပ်မယ့်သူတွေကတော့ တင်းကြမှာပဲနော့ .. ကျွန်တော်အရင်တုန်းက သူများ Gtalk ကို ဟက်တာသိချင်တယ်ဆိုပြီး .. ရှာဖူးပါသေးတယ် .. ပြီးသော Virus ရေးနည်းတွေတောင် ကျွန်တော့် Group မှာတင်ခဲ့သေးတယ် .. ကျွန်တော့်ရည်ရွယ်ချက်ကတော့ .. Virus ဆိုတာဘယ်လိုရေးတယ်သိစေချင်လို့ပါ .. ခုနောက်ပိုင်း ကျွန်တော့်သူငယ်ချင်းတွေ အဟက်ခံနေရတာများလာတော့ .. ကျွန်တော်လည်း ၀မ်းနည်းလာတယ် .. ခင်ဗျားတို့ သိမ်းထားတဲ့ Gmail ထဲက ဖိုင်လေးတွေ .. မေးလ်လေးတွေ ပါသွားရင် ဘယ်လိုခံစားရမလဲနော် .. ဒါကြောင့် ကျွန်တော်သိသလောက် ဘယ်လိုကာကွယ်မလဲဆိုတာလေး .. ရေးချလိုက်ပါတယ် ..ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )

မေးလ်ပို့ ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ .. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ ) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ ..
password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + Hack Program ) ဒါမှမဟုတ် .. Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင် ဒီကိုနှိပ် . ပြီးတော့ ဟိုကားမကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )
ဒုတိယနည်း ( remember password မလုပ်နှင့် )

ဒါကတော့ ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေးတစ်ခါတစ်လေ ပျင်းလို့ ခြစ်မိရင် .. ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ .. အဲ့ဒီ Password တွေက Mozilla ထဲရောက်သွားပြီး .. hack မယ့်သူကရှာနိုင်ပါတယ် .

. နောက်ပြီး website တစ်ခု မှာ Member ၀င်တဲ့အခါ .. remember password လုပ်မလားမေးရင် မလုပ်နဲ့ပေါ့ ပိတ်လိုက်ပါ
တတိယနည်း ( အင်တာနက်ဆိုင်မှာသုံးရင် key logger ၀င်မ၀င်စစ်ပါ )

တတိယနည်းကတော့ keylogger software ကို ခင်ဗျားသုံးမယ့် စက်မှာ ကြိုတင်ပြီး run ထားတာပါ .. အဲ့ဒီ software က ခင်ဗျား key board မှာရိုက်သမျှကို မှတ်ပေးနေမယ် .. ခင်ဗျား ၀င်သမျှ website တွေကိုလည်း မှတ်ပေးနေမှာပါ .. ဒီတော့ကာ အဲ့ဒီ software လေး run ထားလား မ run ထားလားသိအောင်လုပ်ရမပါ .. ဒီအပိုင်းကိုတော့ အမေ့သား နေလင်းဖြိုးရဲ့ blog ကနေကူးပြီးဖော်ပြလိုက်ပါတယ် ..
Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီးmsdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီးEnd process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end processပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။
အားလုံးပဲ Hacker ရန်မှကင်းဝေးကြပါစေ.
ကျန်တာတွေကို..ကျွန်တော့ဆွေးနွေးချက်တွေထဲမှာလာရောက်အားပေးဖတ်ရှူ့ လို့ရပါတယ်နော်
စိတ်နှလုံးချမ်းမြေ့ ကြလို့ ..ပညာသည်တွေဖြစ်ကြပါစေဗျာ.....

( အခုလိုမျိုးရေးခဲ့တဲ့ ကိုနေလင်းဖြိုးကိုလည်း ကျေးဇူးတင်လျှက် )

hacker = ကွန်ပျုတာဖြင့်မိမိနှင့်မသက်ဆိုင်သောအခြားကွန်ပျုတာမှအချက်အလက်များကိုရယူနှောင့်ယှက်သည်။

ကောင်းတဲ့ hacker တွေလည်းရှိပါတယ် .. ဆော့ဝဲလ်တွေကိုပိုကောင်းသွားအောင်လုပ်တာတို့ Gmail သုံးရမြန်အောင်ဟက်တာတို့ Mozilla Speed မြန်အောင်ဟက်တာတို့ပေါ့

Password ပဲ လိုက် hack ပြီး ရန်စမရှိပဲ သူများဒုက္ခလိုက်ပေးနေရင်တော့ .........

သူခိုး


သူခိုး


သူခိုး

( password ခိုးနည်းကို သင်ယူလိုသောသူများကို မဆိုလိုပါ .. သင်ပြီး လိုက်ခိုးနေသောသူများကို ဆိုလိုပါသည် .. )



သယ်ရင်းတို့ကိုကျေးဇူးတင် လေးစားလျှက်ပါ အဧရာအနောက်လူငယ်

အခြားသော Web Browser များထက် 550% ပိုမိုမြန်ဆန်ပြီး ပြီးပြည့်စုံတဲ့ Puffin Web Browser v3.0.10154M Apk (For Android)

Pufffin Web Browser ဟာ အရမ်းကောင်းမွန်ပြီး မြန်ဆန်တိကျမှုရှိတဲ့ web browser app တစ်ခုဖြစ် ပါတယ်။ ဒီ app ထဲမှာ Incridible Load Speed ၊Fasttest JavaScript Engine ၊Full Web Experience ၊ Adobe Flash Support နဲ့ Ingenious Virtual Mouse ဆိုပြီး ကောင်းမွန်ပြည့်စုံမှုရှိတဲ့အဆင့်မြင့် features ၅ မျိုးကိုထောက်ပံ့ပေးထားတာကြောင့် အလွန်ထူးခြားဆန်းသစ်မှုရှိပါတယ်။ Remote-Browser နည်းပညာကို အသုံးပြုထားတာကြောင့် mobile-connection မကောင်းတဲ့အချိန်တွေမှာတောင် အချက်အလက်ရှာဖွေမှုတွေ နဲ့လုပ်ဆောင်ချက်တွေကို တိတိကျကျမြန်မြန်ဆန်ဆန်ပြုလုပ်နိုင်ပါတယ်။ 32 cores နဲ့ 768 GB memory ပါဝင်တဲ့ အလွန်ကောင်းမွန်မြန်ဆန်မှုရှိတဲ့ Server ဖြစ်တဲ့အတွက် iPad 3 မှာပါရှိတဲ့ browser ထက်လုပ် ဆောင်ချက်တွေဟာ ၅၅၀ ရာခိုင်နှုန်းပိုမြန်ပြီး Chrome ထက် ရာခိုင်နှုန်း ၁၆၀၀ လောက်ပိုမိုမြန်ဆန်မှုရှိပါ တယ်။ Website နဲ့ Gmail features တွေကိုလည်းအပြည့်အ၀ထောက်ပံ့ပေးထားပြီး Flash နည်းပညာကိုထည့်သွင်းပေးထားတာကြောင့် flash videos တွေနဲ့ Flash games တွေကိုလုပ်ဆောင်နိုင်ပါတယ်။ တီထွင် အားကောင်းတဲ့ Virtual Mouse ပါရှိတဲ့အတွက် desktop ပေါ်မှာအသုံးပြုရသလိုပဲ လုပ်ဆောင်ချက်တွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။ ဒီ Puffin Web Browser app ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Android OS 2.2 နဲ့အထက်လိုအပ်ပါတယ်။

ဒီနေရာလေးမှာဒေါင်းပါ

မြန်မာ IT helper မှ တဆင့်ဖော်ပြထားခြင်းဖြစ်ပါတယ်........

3 trusted friendsဖြင့် Facebook အကောင့်ယူနည်း နှင့် ကာကွယ်နည်း

အခုပြောပြမယ့် နည်းလမ်းကတော့ လူတိုင်း သတိ မထားမိတဲ့အချက်တွေပါ သတိ ပြုမိတဲ့ သူတွေ လည်းရှိ မှာပါ မရှိတဲ့သူတော့ တော်တော် များပါတယ် ကျနော် တွေ့သမျှတော့ တော်တော် များတယ် ဒါပေမယ့် လည်း သွားမပြော ရဲဘူး တော်ကြာ ကိုယ်ပြောပြီးမှ သူ့အကောင့် တစ်ခုခု ဖြစ်တယ်ဆို ပြသနာ ရှာမှာ ဆိုလို့။ ကျနော်တွေ့သမျှ ထဲက သံဃာတော်တွေပိုင်းတဲ့အကောင့်တွေလောက်ပဲ သတိပေး ပြောပါ တယ်. ကိုယ် တွေ အချင်းချင်း တော့ မပြော ရဲလို့ အခုလို ပိုစ့်လေး တင်ဖြစ် သွားတာပါ အောက်မှာလေ့လာကြပါ
အထက်ပါ ပုံအတိုင်း ကျနော်တို့ ပြစ်မှတ်ရဲ့ ဖေ့ဘုတ် အကောင့်က About ကိုနှိပ်ပြီး ဝင်လိုက်ပါမယ် Contact Infoမှာ အကောင့်ကို ဖွင့်ထာတဲ့ Email ကိုဖွတ်ပေးမယ့် ဖေ့ဘုတ် မေးလ်ကို တော့မ ဖွက်ထား တဲ့အတွက် အဲဒီပုံမှာပါတဲ့အတိုင်း အဲဒီမေလ်နဲ့ အကောင့်ကို ယူပါမယ်..ပုံမှာပါ တဲ့မေလ်ကို Copy ကူးယူ လိုက်ပါ..ထို့နောက်
အဆင့်-1
Facebook – Browser ထဲကို ဝင်လိုက်ပြီးနောက် အထက်ပါပုံအတိုင်း Email or Phone ဆိုတဲ့ Box မှာ စောစောက ကူးယူလာတဲ့ဖေ့ဘုတ်မေလ်ကိုဖြည့်လိုက်ပါမယ် ထို့နောက် Forgot your password? ဆိုတာကို နှိပ်လိုက်ပါ။
အဆင့်-2
Email, phone or Facebook username ဆိုပြီးအထက်ပါပုံအတိုင်း ပေါ်လာပါတယ်။Email, phone or Facebook username ဆိုတဲ့ Boxမှာ စောစောက ကူးယူ လာတဲ့ ဖေ့ဘုတ်မေးလ် ကိုဖြည့် လိုက်ပါ ..ဖြည့်ပြီး ပါကSearch ဆိုတာ ကိုနှိပ်ပါက ကျနော်တို့လိုခြင်းနေတဲ့ ဖေ့ဘုတ်အကောင့်ပေါ်လာပါမယ်။
အဆင့်-3
အထက်ပါ ပုံအတိုင်း သင့်အကောင့် လားလို့ ဆိုပြီးမေး လာပါမယ်.. အဲဒီမှာပါတဲ့ Yes , This is my accountကို နှိပ်ပေးလိုက်ပါ
အဆင့်-4
အထက်ပါပုံအတိုင်း Pasword ပြန် rest လုပ်မလားလို့ မေးပါလိမ့်မယ် ခဏနေအုန် ဘာမှမနှိပ်ပါနဲ့။ အရေးကြီးတဲ့ အပိုင်း စလာပါပြီး ကျနော်တို့ ရယူဖို့ ကြိုစား နေတဲ့ ဒီအကောင့်ကို အသုံးမပြုတာ အတော်ကြာ နေတယ်ဆို I have on longer use this account ဆိုတာပေါ် နေပြီး။ လက်ရှိ အသုံးပြုနေဆဲ ဆိုပါက No longer have access to these? ဆိုပြီးပေါ်နေပါမယ် အခုကျနော်ယူမယ့်အကောင့်က သုံးနေဆဲ အကောင့်ပါ.အဲဒီတော့ No longer have access to these? ဆိုတာကိုနှိပ်လိုက်ပါမယ်
အဆင့်-5
I have no longer use this account ကို နှိပ်လိုက်ပြီးပါက အထက်ပါပုံအတိုင်း Please enter an email address that you know you can access. We'll use this address to send you messages about recovering your account.
ဆိုပြီးတော့ box ထပ်ကျ လာပါမယ် အဲဒီမှာ email address ဖြည့်စွက်ရမယ့် မေလ်းက Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ မေးလ် အသစ် ဖြစ်ရ ပါမယ်.အဲဒီမှာပုံအတိုင်း မေးလ်ကို နှစ်ကြိမ်ဖြည့်ရ ပါမယ် သို့သော် ကျနော်တို့ဖြည့် လိုက်တဲ့ မေးလ်ကို ဖေ့ဘုတ်ကနေ မေလ်ပို့လာမှာ မဟုတ်ပါဘူး ဘာဖြစ်လို့လည်ဆိုတော့ Security layerကြောင့်ပါ။ ကယ်ကျနော်တို့မေလ်အသစ်ဖြည့်ပြီးပါက Continue ဆိုတာကိုနှိပ်လိုက်ပါမယ်..။
အဆင့်-6
အထက်ပါပုံကတော့ ဒီအကောင့်ကို ရယူရန်အတွက်လုပ်ဆောင်ရမယ့်အဆင့်ကိုပြထာပါ..ထို့နောက် Continueဆိုတာကိုပဲ ဆက်နှိပ်ပါ
အဆင့်-7
စပါပြီး 3 trusted friends အစီစဉ် ကျနော် တို့ရယူမယ့် Facebook အကောင့်ထဲက 3 trusted friends ရွေးရ ပါတော့မယ် အဲဒီအကောင့်ထဲမှာ ကျနော်တို့အနေနဲ့ 3 trusted friends အစီစဉ် အောင်မြင် အောင် အကောင့်တွေကြိုတင်အက်ထာပြီးတော့ အဲဒီထဲက ကျနော်တို့ အက်ထာတဲ့ အကောင့်3ခုကို ရွေးလိုက် ပါမယ် အကောင့်3ခုရွေးပြီး ပါက Continueဆိုတာကိုနှိပ်ပါ..(မှတ်ချက်-အကောင့် တစ်ခု ရွေးပြီး တိုင်Continue ဆိုတာကိုနှိပ်ပါ)
အဆင့်-8
အထက်ပါပုံအတိုင်း သူငယ်ချင်3းယောက်ရွေးပြီးပါက Send Codes to Friends ဆိုတာကိုနှိပ်လိုက်ပါ..။

အဆင့်-9
အထက်ပါ ပုံအတိုင်း ကျနော်တို့ ရွေးချယ် လိုက်တဲ့ အကောင့် 3 ခုကို ကုဒ်တွေ ပို့လာပါမယ် အဲဒီ ကုဒ်တွေ ကို ဖြည့်ပြီးပါက Submit Condes ဆိုတာကိုနှိပ်ပါက.။
အဲဒီအဆင့်ပြီးတာနဲ့ -ကျနော်တို့ရယူမယ့်အကောင့်ကို Recover လုပ်ရပါပြီး..။
ဒီလို အရမ်း လွယ်ကူတဲ့ ဟက်နည်း လမ်းပါ ဘာTool မှမသုံးပဲ ဟက်သွားတာ ဖြစ်ပါတယ်။ ဒီလောက် လွယ်တာလည်း ဆိုတော့ Security Question ကိုမခံထားလို့ပါ တကယ်လို့ Security Question ခံထာ လည်း လွယ်တဲ့ Security Questionပြုလုပ်ထာပါကလည် ရယူသွာပါမည်။ ကျနော်တို့အနေနဲ့ အကောင့် ယူလို့ မအောင်မြင် ရင်တောင် အဲဒီ အကောင့် သေချာပေါက် Lock ကျပါမယ်. အင်မတန် ကြောက်စရာ ကောင်းပါတယ်။
ကာကွယ်ရမယ့်အချက်တွေကတော့
1- Facebook ဖွင့်ထားတဲ့ Emailကို Only Me လုပ်ထားပါ။
2- Facebook ကပေးတဲ့ Emailကိုလည် Only Me လုပ်ထားပါ။
3- Security Question ကို လေးလေးနက်နက်ပြုလုပ်ထားပါ။
4-ကိုယ့်မသိတဲ့ သူတွေလာအက်ရင်လက်မခံဖို့ပါ
Security Question ကို ပြီးပြီးရောဆိုပြီး အလွယ်တကူတွေထားတော့ ရယူမယ့်သူက အေးဆေးယူ သွားမှာ ပေါ့။Security Question လေးလေးနက်နက်ပြုလုပ်ထားရင် အကောင့် ဟက်ခံ ရခြင်းမှ စိတ်ချ ရပါမယ်။ 
အဓိကသတိပေးခြင်းတာကတော့ Security Questionလေးလေး နက်နက်ပြုလုပ် ထားပါလို့ အကြံပြုခြင်း ဖြစ်ပါတယ်။
အခုပိုစ့်လေးကို မိတ်ဆွေ သူငယ်ချင်းအချင်းချင်း အကောင့် ပျောက်ဆုံးခြင်းမရှိစေရန် လက်ဆင့်ကမ်း မျှဝေးပေး ပါရန် တိုတ်တွန်း လိုက်ပါသည်။