Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

Mouseဖြင့် keyboardအသုံးပြုနည်း

Mouse ဖြင့် key board အသုံးပြုလိုပါက Start >All Programs > Accessories >
Accesibility >On-Screen Keyboard > သို.သွားပါကMouse ဖြင့် key board ကိုအသုံးပြုနိုင်ပါသည်။

soewinnainglay.blogspot.com

Gtalkကို offline ဖြစ်အောင်လုပ်နည်း


Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။

အကယ်၍ စာဖတ်သူဟာ ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါဗျာ။

(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။
(၄) blahblahblah@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
ITနည်းပညာဆိုဒ်တစ်ခုမှ မလာခဲ့တာပါ...အားလုံးအဆင်ပြေပါစေ မသိသေးသူများအတွက်ရည်ရွယ်ပါသည်။

လွန်ပါစေဆောင်း

ဆောင်း…။
လေညှင်းနဲ့နှင်းရည်က
ညနဲ့မင်းကိုအလှဆင်
ကဗျာဆန်တဲ့ဆံနွယ်တစ်ပင်နဲ့ …
ပြုံးလိုက်တဲ့အပြုံးတိုင်းအလွမ်းရဲ့အာရုံကို အနမ်းနဲ့ဖျားယောင်း
လွမ်းလို့အကောင်းဆုံးဆောင်းညရဲ့ …
ညိမ့်ညောင်းလှတဲ့လေညှင်းမှာ
ငါ့နှလုံးသားရနံ့တစ်ခုနဲ့မျှောသွားတဲ့ည ..။
အဲဒီညကိုအတိတ်မေ့မသွားဖို့
မျက်ဝန်းတွေအလွတ်မကျက်ရသေးလို့ပါ .. သူ ..။

ဆောင်း…
ငါ့ညတွေတိုင်းမှာ .
မျက်ဝန်းတစ်စုံနဲ့ရနံ့တစ်ခုကို
ခွင့်မတောင်းပဲ အိမ်မက်တိုင်းမှာခိုးယူ
လန့်မနိုးတဲ့ညတွေမှာ ..
အိမ်မက်ကိုမေ့မသွားဖို့ ဆေးခါးတစ်ခွက်နဲ့
အပြုံးတစ်ပွင့် လိုအပ်တယ်..။

ဆောင်း..
မင်းနုတ်ဆက်မသွားတဲ့
”Goodnight” ပါ
ငါ့ကိုယ်ငါ နှင်းငွေ့တွေနဲ့
အပြစ်ပေးထားတယ်….
အမှန်တော့ ဆောင်းနဲ့နှင်းငွေ့
အတိတ်ကောက်မှားခဲ့တဲ့
ဆောင်းအိမ်မက်တွေပါ…….
အိမ်မက်ကငါ့ကိုကုတင်ပေါ်ကတွန်းမချခင် ..
ဆောင်းနဲ့မင်းအရိပ်ကိုပြောင်းပြန်လှန်ပြီး
ပုံရိပ်စစ်ဖြစ်ဖို့
ငါအလွမ်း ခ နေတယ်ဆောင်း…။

ဆောင်း….။
ခရေ ရနံ့တွေသင်းတဲ့
ဆောင်းနံနက်ခင်းတိုင်း
မင်းလာနိုးတဲ့ခေါင်းလောင်းသံရဲ့ အရိပ်က
ငါ့နံနက်ခင်းတိုင်း ..အလွမ်း.အလွမ်း နဲ့
လွမ်းကောင်းဆဲပဲလေ …။

ဆောင်း..။
နောက်တစ်ရက်နဲ့ ..
မနေ့ကသတင်းစာမှာ
ငါအလွမ်းမပါပင်မဲ့
ဆောင်းညတွေနဲ့ စက္ကန့်တိုင်းမှာ
မင်းသံစဉ်နဲ့နိုးထ…
ဆံနွယ်နဲ့မျက်ဝန်းကိုခဏခဏဖုန်းမှားခဲ့တဲ့
ခက်ခွာခွာဆောင်းညတွေပါ ..။

ဆောင်း..။
ဒီညနဲ့ ငါ့အလွမ်းကို
ဘယ်သူမှမသိခင်တိတ်တိတ်ကလေးငို ..
ငါ့အလွမ်းကိုငါပြန်ရှာမလို့ .
ဒီညနှင်းငွေ့နဲ့ငါ လန့်မနိုးခင်
ငါ့အိမ်မက်ကိုလေလံတင်
အလွမ်းသင့်ဆောင်းညသခင်..ငါပြန်ရချင်ပြီ..။
လွန်ပါလေတော့ ဆောင်းရယ်….။

နည်းပညာတွေနဲ့ဘလော့တေါချည်းဘဲဖတ်နေရရင်ပျင်းနေမှာစိုးလို့ပါ ကဗျာလေး ပါစိတ်ပြေဖတ်ဖို့တင်ပေးလိုက်ပါတယ်ဗျာ...