Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

HTML OR DIRECT LINK ရယူရန်

URL or Dircct Link ပြုလုပ်နည်း

URL or Dircct Link ဆိုတာကို သိပ်နားမလည်သူတွေ အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်ပါတယ်...

ဓါတ်ပုံလှလှလေးတွေကို ကိုယ့်ကွန်ပျူတာမှာ ထည့်ထားပြီး Photobucket ထဲမှာ URL or Dircct Link အဖြစ် ပြောင်းလဲခြင်းလေးကို  ဒီနေ့ ပြောပြပေးမှာ ဖြစ်ပါတယ်...

http://register.photobucket.com/step1ဒီလင့်လေးကိုသွားပြီးတော့အရင်ဆုံးအကောင့်ဖွင့်ပါ
Sign me Up ကို ကလစ်ပေးပြီး အကောင့်ဖောက်ရမှာ ဖြစ်ပါတယ်...
တစ်ချို့က အသုံးပြုပြီးသား အီးမေးကြောင့် နာမည်ကြောင့် မရဖြစ်နေတတ်ပါတယ်
အဲ့ဒီအခါ အီးမေး ပြောင်းပေးခြင်း နာမည်ပြောင်းပေးခြင်းများ
ပြုလုပ်ပေးလျှင် အကောင့်ဖောက်လို့ရလာမှာ ဖြစ်ပါတယ်...

အကောင့်ဖောက်လို့ရပြီ ဆိုရင်...
ဒီလိုလေးဖြစ်သွားပါမယ်

Uplod ရယ် ကိုယ့်နာမည်ရယ်ကို တွေ့ ရပါလိမ့်မယ်
Uplod ကို ကလစ်ပေးပြီး ကိုယ့်ကွန်ပျူတာထဲမှာ ကိုယ်လိုချင်သော ဓါတ်ပုံကို ဆလပ်ပေးပြီး အက်ပလုတ် လုပ်ယူရပါမယ်....

plod လုပ်နေစဉ် အချိန် အနည်းငယ်စောင့်ဆိုင်း လို့ 100% ပြည့်ပြီဆိုရင် ဒီအတိုင်းလေး မြင်ရမှာ ဖြစ်ပါတယ်...
Upload complete! လေးပြလာရင် အောက်သို့ ဆွဲချ ကြည့်လိုက်ပါ ကိုထည့်ထားသည့် ပုံလေး
ပေါ်လာတာကိုတွေ့ ရပါမယ် ...ပုံလေးဘေးမှာ Save and continue to my album

ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...

ကလစ်လိုက်တာနဲ့ ကျွန်တော် တို့ လိုချင်တဲ့ URL or Direct Link ကို ရရှိပြီ ဖြစ်ပါတယ် ....
နောက်ထပ် ပုံများကို လိုချင်လျှင်လည်း ပထမ အတိုင်း Upload now ဆိုတဲ့ အပေါ်နားက အစိမ်းရောင် စာလေးကို ကလစ်ပြီး ကွန်ပျူတာထဲမှ ဓါတ်ပုံများကို ရယူရမှာ ဖြစ်ပါတယ်...

အားလုံး အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်
လိုက်လုပ်ကြည့်ကြရအောင်နော်...
ရိုသေလေးစားလျှက်
စိုးဝင်းနိုင်



အွန်လိုင်းတွင်မိမိအကောင့် လုံခြုံရေးအတွက်အဆင့်(၁၀)ဆင့်

၁) မိမိ ဖွင့်သော Website သည် Official Site ဖြစ်ရန် အွန်လိုင်းမှာ တစ်ချို့သော Website တွေက လာရောက်လည်ပတ်သူကို ဒုက္ခပေးနိုင်တဲ့ malicious code တွေ / virus တွေကို မြှပ်နှံ့ထားတတ်ပါတယ်.. ဒါကလည်း search engine နဲ့ အချို့သော Social Site တွေကနေ ၀င်လာတဲ့ Link တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ website က Official Site ဖြစ်မှသာ ပိုပြီးစိတ်ချရပါတယ်။ Official Site မှာကော malicious code တွေထည့်လို့မရဘူးလားဆိုတော့ ရပါတယ်.. ဒါပေမဲ့ ၄င်းတို့ရဲ့ Webmaster က အဲလိုလုပ်ရင် တရားစွဲခံနေရမှာပေါ့။ freehosting နဲ့ တစ်ချို့ unofficial site တွေဆိုရင် ၄င်း site က မိမိကိုဒုက္ခပေးလို့ ဘယ်သူ့ တရားစွဲရမှန်းမသိဘူးဖြစ်နေလိမ့်မယ်။


၂) မှန်းဆရခက်သော password ပေးခြင်း
တစ်ချို့က password ကို ၄င်းတို့ရဲ့ name ပေးတယ်။ တစ်ချိုက name နဲ့မွေးသက္ကရာစ်ပေါင်းပေးတယ်။ နောက်တစ်ခုက keyboard က အစဉ်လိုက်ကိုပေးခြင်းပါ .. asdf123 , qwerty, နဲ့ name + 12345 စသည့်ပေးကြတယ်။ နောက်ဆုံးတစ်ခုက dictionary ကစာသားပါ။ password ပေးတော့မယ်ဆိုရင် dictionary ထဲက စာသားကို ဘယ်တော့မှမပေးပါနဲ့.. တစ်ချိုက lover, flower, angel, arsenal စသည့်ဖြင့်ပေးကြပါတယ်။

ဒီလိုမျိုး password တွေကို ကွန်ပျူတာ အသုံးပြုတာတာ ၀ါရင့်နေတဲ့သူက ခန့်မှန်းပြီး ရယူသွားနိုင်ပါတယ်။ ရိုးရှင်းတဲ့ Password အတွက် လွယ်ကူစွာပဲ bruteforce လုပ်သွားလို့ရပါတယ်။

၃) ဘယ်တော့မှ မိမိ password ကို email & chat messenger နဲ့မပို့ပါနဲ့
တစ်ခါတစ်လေမှာ တစ်ချိုက ၄င်းတို့ရဲ့ password ကို အချင်းချင်း chat တွေ mail တွေထဲမှာပို့ထားကြပါတယ်.. ဒါက အရမ်းအန္တရာယ်များပါတယ်။ နောက်တစ်ခုက official site တွေက ဘယ်တော့မှမိမိရဲ့ password ကို လှမ်းမတောင်းပါဘူး ဘယ် system မှမရှိပါဘူး။ အကယ်၍ အဲ့လို user name & password ကိုအတောင်းခံရရင် ဒါဟာ Social Engineering ထဲက Phishing Attack လုပ်တာပါပဲ။

၎) Password ကိုမကြခဏပြောင်းပါ။
ကျွန်တော်သတိထားမိသလောက် တစ်ချို့က ၄င်းတို့ရဲ့ Password ကို အမြဲတမ်းအသေထားတတ်ကြတယ် ၂ နှစ် ၃ နှစ်လောက်အထိပေါ့။ တကယ်တမ်းက ဒီလို Password ကိုခဏခဏ ပြောင်းသင့်ပါတယ်။

၅) ကိုယ်ပိုင်ကွန်ပျူတာကိုသုံးပါ။
အကယ်၍ မိမိက အများသူငှာသုံးတဲ့ Cyber & Hot spot လိုနေရာမျိုးမှာသုံးမယ်ဆိုရင် သတိထားရပါတယ်။ Banking & Online Transaction တွေဆိုရင်လုံးဝကိုမသုံးသင့်ပါဘူး။ မိမိကွန်ပျူတာတွင်ပဲသုံးပါ။ အကယ်၍ plublic နေရာတွေမှာသုံးခဲ့ရင် auto complete သို့မဟုတ် save password ဆိုတဲ့ web browser ကမေးတာကို no နဲ့သာဖြေပါ။

အသုံးပြုပြီးပါက IE ဆိုရင် Tools > Internet Options > Content > AutoComplete. Uncheck option “User names and passwords on forms” and click on “Clear Password”. Click “OK" လုပ်ပါ။ FireFox ဆိုရင် Clear Recent History or Clear Private Data ကိုလုပ်ပါ။ မိမိရဲ့ သုံးနေသောကွန်ပျူတာတွင် မည်သည့်
ဟက်ကင်း software မှမရှိအောင်ကြည့်ပါ။

၆) မိမိကွန်ပျူတာတွင်း Firewall, Antivirus, Antispyware ကိုထည့်ထားပါ။
Firewall, Antivirus, Antispyware ကိုထည့်၍ အမြဲတမ်း Update လုပ်ပေးပါ။ မိမိရဲ့ ကွန်ပျူတာကို Scan ပုံမှန်ဖတ်ပါ။

၇) မိမိ user name & password ကိုဘယ်တော့မှမသယ်ဆောင်ပါနဲ့
ဒါကတော့ မိမိရဲ့ user name & password ကို တစ်ချို့က စာရွက်လေးနဲ့ ရေးပြီး မှတ်ထားပါတယ်။ ဒါကလည်း အန္တရယ်များပါတယ်။

၈) မိမိရဲ့ အကောင့်ကို စောင့်ကြည့်ရေး
ဆိုလိုတာက အကယ်၍ Gtalk သာသုံးမယ်ဆိုရင် မိမိအကောင့်ကိုဘယ်ဆီက လာသုံးတယ်ဆိုတာကို စစ်ဖို့ Last Activity on this account ဆိုတာပါပါတယ်.. ဒီလိုစစ်ခြင်းဖြင့် တစ်ခြားဘယ် IP ကလာသုံးသွားတယ်ဆိုတာ သိနိုင်ပါတယ်။ နောက်တစ်ခုက မိမိရဲ့ Inbox / Outbox တွေကို စစ်ပါ ။ ထူးခြားတဲ့ အရိပ်အရောင်တွေ့က password ကိုပြောင်းပါ။

၉) မိမိသုံးသော Browser ရဲ့ Cache ကိုဖျက်ပါ
ဘယ် site သို့မဟုတ် ဘယ်ကွန်ပျူတာပဲ သုံးသည်ဖြစ်စေ တစ်ခြားသူတစ်ယောက် မိမိရဲ့ ခြေရာကို မလွယ်တကူမလိုက်နိုင်ဖို့ cache ကိုရှင်းဖို့လိုပါတယ်။ ဥပမာ IE ဆိုရင် clicking Tools > Internet Options > Delete Cookies and Delete
၁၀) နောက်ဆုံး ကွန်ပျူတာ နှင့် အင်တာနက် သတင်းကို စောင့်ကြည့်ပါ
မိမိတို့က ကွန်ပျူတာ & အင်တာနက်သုံးတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ လုံခြုံရေးအတွက် သတင်းထူးများကို လုံခြုံရေးဆိုင်ရာ website တွေမှာ ပုံမှန်ဖတ်ရှုပေးပါ။

plato photo booth 12.05.01

ဒီစော့ဝဲကတော့ ဓါတ်ပုံတွေကို အလှဆင်လိုသူတွေအတွက် အသုံးဝင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်....ဓါတ်ပုံများကို Frame များထည့်ခြင်း အပြင် ကျန်တဲ့ Effect များကို ထည့်သွင်းကာ နှစ်သက်သလို ဖန်တီးယူနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်......အသုံးပြုနိုင်မှု အသေးစိတ်ကိုတော့ မူရင်းWebsite တွင်သွားရောက် ဖတ်ရှုနိုင်ပါတယ်....စိတ်ကြိုက်အသုံးပြုနိုင်အောင် Serial Key ပါထည့်သွင်းပေးထားပါတယ်...စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်....mediafireမှာကလစ်ပြီးဒေါင်းပါ...



မှတ်ချက်။ ။ Install မလုပ်ဆောင်မီ Anti-Virus အား ခေတ္တ Disable ပေးထားပါ....

Photobucket
Ifile | Mediafire

 

video to gif converter 3.4.0.0



 ဒီစော့ဝဲကတော့ မိမိနှစ်သက်ရာ Video များမှ နှစ်သက်ရာ အခန်း သို့မဟုတ် နှစ်သက်ရာ နေရာတစ်ခုကို Video File မှ Animation Gif အဖြစ်သို့ အလွယ်တစ်ကူ ပြောင်းလဲပေးနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်...အသုံးပြုနိုင်မှု အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မူရင်းWebsite မှာသွားရောက်လေ့လာနိုင်ပါတယ်....စိတ်ကြိုက်အသုံးပြုနိုင်အောင်ထည့်သွင်းပေးထားပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်...mediafirerမှာကလစ်ပြီးဒေါင်းပါ...


Photobucket
Ifile | Mediafire