Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

ကွန်ပျူတာသုံး မြန်မာစာဖောင့်တစ်ခုပေါ်လာပြန်ပါပြီ

ပြည်တွင်းနည်းပညာလောကတွင် မြန်မာစာကို တိတိကျကျ အချက်အလက် သိမ်းဆည်းနိုင်ခြင်း (Data Collection) မပြုလုပ်နိုင်သေးခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တီထွင်ထားခြင်းဟုဆိုသော မြန်မာစာဖောင့် အသစ်တစ်ခုဖြစ်သည့် စံမြန်မာ (Sanmyanmar Font)ကို ပြည်တွင်းမှ မြန်မာစာဖောင့်များ လေ့လာနေသူတစ်ဦးက စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
မကြာသေးမီကမှ ထွက်ပေါ်လာသော အဆိုပါ စံမြန်မာဖောင့်သည် လုပ်ငန်းခွင်အတွင်း သုံးစွဲမှု၌ အဆင်ပြေလွယ်ကူမှုရှိခြင်း၊ မြန်မာစာ စာလုံးအမျိုးအစားများ စနစ်တကျရှိခြင်း၊ Data အတိအကျ၊ နံပါတ်အတိအကျနှင့် ခေါ်ယူသုံးစွဲနိုင်သဖြင့် သုံးစွဲရာတွင် လွဲချော်မှုများ မရှိနိုင်ခြင်းစသည့် အားသာချက်များ ပါဝင်ကြောင်း ယင်းဖောင့်ကိုတီထွင်သူဖြစ်သည့် ဦးဝင်းမြင့်က ဆိုသည်။အဆိုပါ

 စံမြန်မာဖောင့်ကို

  • ဒီနေရာလေးမှာ
  • သွားရောက်လေ့လာအသုံးပြုနိုင်ပါတယ်။ယူနီကုဒ်ဖောင့်များကို အခြေခံထားသည်ဟုဆိုသော အဆိုပါ စံမြန်မာဖောင့်၏ လက်ရှိဗားရှင်းမှာ ၁.၇ဖြစ်ပြီး Window XP, Windows Vista, Windows 7တို့တွင် သုံးစွဲနိုင်သည်။ ယခင်ထွက်ပေါ်ခဲ့သော အခြားယူနီကုဒ်ဖောင့်များနှင့် ကွဲပြားသည်ဟုဆိုသော စံမြန်မာ ဖောင့်နှင့်ပတ်သက်၍ အင်တာနက်ပေါ်ရှိ နည်းပညာဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးဖလှယ်သည့် ၀က်ဘ်ဆိုက်အချို့တွင် ဝေဖန်သုံးသပ်ချက် အမျိုးမျိုးရှိနေသည်။ ထို့အပြင် အဆိုပါ ဖောင့်၏ အားနည်းချက်တစ်ခုမှာ လက်ရှိကွန်ပျူတာကီးဘုတ်များ၏ လက်ကွက်နှင့် မကိုက်ညီခြင်းဖြစ်ကြောင်း လက်တွေ့သုံးစွဲသူတချို့ကပြောသည်။