Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...

Computer တွင် Window ထည့်သွင်းပြီနောက်လုပ်ဆောင်ရန်

windows, background

ဝင်းဒိုးစ်အသစ်ပြန်တင်ပြီးတဲ့နောက်မှာ ဆက်တင်တချို့ကို
ပြင်ဆင်သတ်မှတ်ထားဖို့လိုပါမယ်။



ဖော်မတ် ချခြင်း (Formatting Drive-D)

ဝင်းဒိုးစ် ထည့်သွင်းစဉ်မှာ Drive-C ကိုဘဲ ဖော်မတ်ချခဲ့တာဖြစ်ပါတယ်။
Drive-D ကတော့ ဖော်မတ် မချရသေး တဲ့အတွက် အသုံးပြုလို့ မရသေးပါဘူး။
အဲဒီအတွက် သူ့ကို ဖော်မတ်ချပေးဖို့ လိုပါမယ်။



1. My Computer ကိုဖွင့်ပါ။

2. Drvie-D > Right Click > Format လုပ်ပါ။ (ဘာညာ ဘာညာတွေမေးရင် OK
လို့သာ အဖြေပေးလိုက်ပါ။) ဖော်မတ်ချချိန် ၁၅မိနစ်ကနေ နာရီဝက်လောက်အထိ
ကြာနိုင်ပါတယ်။

3. ပြီးသွားတဲ့အခါမှာ Report Message box ပေါ်လာပါမယ်။ OK လုပ်ပါ။ နောက်ထပ်
Close လုပ်ပါ။ Drive-D ကို သုံးလို့ ရပါပြီ။



အော်တိုအပ်ဒိပ်နဲ့ ဖိုင်းယားဝေါ (Automatic Update & Windows Firewall)

အော်တိုအပ်ဒိတ်ကို ပိတ်ထားပါ။ နောက်မဟုတ်ရင် သူကခဏခဏ လာရှုပ်နေပါမယ်။
နောက်ပြီး မလိုအပ်တဲ့ ပြဿနာတွေလည်း ပေါ်လာနိုင်ပါတယ်။ (ဥပမာ- ကိုယ်သုံးနေတဲ့
ဝင်းဒိုးစ်ဟာ ၀ယ်ထားတာ မဟုတ်ဘူး။ ရီဂျစ်စတာ ပြန်လုပ်ပါ။ စသဖြင့် ပေါ့လေ။)
သူ့ကို ပိတ်ထားဖို့အတွက်



1. Start > Control Panel ကိုဖွင့်ပါ။

2. Automatic Update ကိုဖွင့်ပါ။

3. Turn off Automatic Updates ကို Check လုပ်လိုက်ပါ။ OK လုပ်ပါ။


ဝင်းဒိုးစ်ဖိုင်းယားဝေါကိုလည်း ပိတ်ထားပါ။ ဘာလို့ဆိုတော့ ၀င်းဒိုးစ်ရဲ့
ဖိုင်းယားဝေါက မစွံလို့ပါ။ သုံးဖို့လိုအပ်မယ်ဆိုရင် အခမဲ့ရတဲ့ Zone Alarm
Firewall ကိုသုံးပါ။ သူက ပိုကောင်းပါတယ်။ ၀င်းဒိုးစ်ဖိုင်းယားဝေါကို
ပိတ်ဖို့အတွက် …



1. Start > Control Panel ကိုဖွင့်ပါ။

2. Windows Firewall ကိုဖွင့်ပါ။

3. Off (not recommanded) ကို Check လုပ်လိုက်ပါ။

4. အပေါ်ဒေါင့်မှာရှိတဲ့ close ကနေ ပိတ်လိုက်ပါ။

စက်တွင်အသုံးပြုမည့် ဘာသာစကား (Regional and Language Options)

Regional & Language Options ကိုလည်း တခါတည်း ပြင်ထားရင်
ပိုကောင်းပါတယ်။ ဘာလို့ဆို နောက်ထပ် ဆော့ဝဲတွေ ထပ်ထည့်တဲ့အခါမှာ အမြဲတမ်း
English Language အဖြစ် ပေါ်လာဖို့ဖြစ်ပါတယ်။ နောက်မဟုတ်ရင် အခြား ဘာသာစကား
တွေနဲ့ ပေါ်လာတတ်ပါတယ်။

အဲဒီအတွက် …



1. Start > Control Panel ကိုဖွင့်ပါ။

2. Regional and Language Options ကိုဖွင့်ပါ။

3. အနီရောင်ဝိုင်းပြထားတဲ့နေရာတွေမှာ English / United State ပြောင်းပေးပါ။
(ကွန်ပြူတာကို ဘယ်ဘာသာစကားနဲ့ သုံးမှာလဲဆိုတာကို သတ်မှတ်ပေးတာပါ။
ကိုယ်နှစ်သက်ရာ ဘာသာစကားကို ပြောင်းထားပေးနိုင်ပါတယ်။)

4. Advanced ကိုဖွင့်ပြီး အနီဝိုင်းပြထားတဲ့နေရာမှာ English (United State)
ပြောင်းပေးပါ။

အခြားဘာသာစကားများ ထည့်သွင်းခြင်း (Add other language)

ကွန်ပြူတာမှာ စာတွေရိုက်တဲ့အခါမှာ Eng: ဘာသာစကား တခုတည်းမကဘဲ အခြား
ဘာသာစကား တွေနဲ့ပါ သုံးချင်တယ်ဆိုရင် Language tab မှာလည်း ပြင်ထားဖို့
လိုပါမယ်။



1. Install files for complex …. (Including Thai) နေရာကို check
လုပ်ထားပေးပါ။ (Windows CD တောင်းရင် ထည့်ပေးပါ။ သူ့ဘာသာသူ
အင်စတောလုပ်သွားပါလိမ့်မယ်။ Restart တောင်းရင်လည်း လုပ်ပေးရပါမယ်။)

2. ကွန်ပြူတာပြန်ပွင့်လာတဲ့အခါမှာ အဲဒီ Regional Language
ကိုတခါပြန်ဖွင့်ပြီး Detail ကိုဖွင့်ပါ။

3. ပေါ်လာတဲ့ box မှာ Add ကိုကလစ်ပါ။ (ပြီးရင် ကိုယ်ထည့်ပေါင်းချင်တဲ့
ဘာသာစကားကို ရှာပြီး ကလစ်လုပ်ပေး လိုက်ရုံပါဘဲ။)

ကွန်ပြူတာအသုံးပြုသူ အမျိုးအစား (User Accounts)

ဝင်းဒိုးစ်စနစ်မှာ User Account အများကြီးထားခွင့်ပြုပါတယ်။ Admin Account
(စီမံခန့်ခွဲသူ)၊ Limited Account (ကန့်သတ်ချက်ရှိသူ)၊ Guest Account
(ဧည့်အသုံးပြုသူ) စသဖြင့် Account အဆင့်အတန်း အမျိုးမျိုးခွဲခြား
သတ်မှတ်ပေးနိုင် ပါတယ်။



Admin အဆင့်ရှိသူက ၀င်းဒိုးစ်စနစ်တခုလုံးကို ထိန်းချုပ်နိုင်ပါတယ်။
ဆော့ဝဲတွေ ထည့်သွင်းတာ၊ ဖျက်ပစ်တာ စတာတွေကို လုပ်နိုင်ခွင့်ရှိပါတယ်။ အခြား
Account တွေကို ဖျက်ပစ်နိုင်ခွင့် ရှိပါတယ်။



Limited အဆင့်သာဆိုရင်တော့ ကွန်ပြူတာမှာ ထည့်သွင်းထားပြီးသား ဆော့ဝဲတွေ၊
ဟာ့ဒ်ဝဲတွေ အားလုံးကို အသုံးပြုခွင့် ရှိပေမယ့် အသစ်ထည့်သွင်းတာ၊
ရှိနေတာတွေကို ဖျက်ပစ်တာ စတဲ့လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်မရှိပါ။



Guest အဆင့်ကတော့ ကွန်ပြူတာမှာ ရှိနေတာတွေအားလုံးကို
အသုံးပြုခွင့်မရှိပါဘူး။ အချို့ဆော့ဝဲတွေ၊ အချို့ဟာ့ဒ်ဝဲတွေကို
သုံးခွင့်ရှိမှာမဟုတ်ပါ။ ဥပမာ- ပရင်တာအသုံးပြုခွင့်မရှိတာမျိုး။



ဝင်းဒိုးစ်ကို အင်စတောလုပ်ပြီးတဲ့အချိန်မှာ Administrator Account တခုဘဲ
ပေါ်ပါမယ်။ အဲဒါက built-in account (တခါတည်း ပါလာပြီးသားအကောင့်) ဖြစ်ပါတယ်။
ပထမဆုံးလုပ်ယူတဲ့ အကောင့်ဟာ Admin ဘဲဖြစ်ပါမယ်။ ဒုတိယနဲ့ နောက်ထပ်လုပ်တဲ့
အကောင့်တွေကိုတော့ Admin ဖြစ်စေ၊ Limited ဖြစ်စေ သတ်မှတ်ပေးနိုင်ပါတယ်။



ကိုယ့်အနေနဲ့ နောက်ထပ် Account တွေ ထပ်လုပ်နိုင်ပါတယ်။ သတိပြုရမှာက
နောက်ထပ် အကောင့်အသစ်လုပ်ပြီး ကွန်ပြူတာ ရီစတတ်လုပ်ချိန်ကျရင်
မူလကရှိခဲ့တဲ့ Administrator Account ပျောက်သွားမှာဖြစ်ပါတယ်။



Account အသစ်ထည့်သွင်းဖို့အတွက် …



1. Start > Control Panel ကိုဖွင့်ပါ။

2. User Accounts ကို ဖွင့်ပါ။

3. Administrator နဲ့ Guest နှစ်ခုကိုဘဲ တွေ့ရမှာဖြစ်ပါတယ်။

4. အသစ်တခု ရယူချင်ရင် Create new account ကို ကလစ်လုပ်ပါ။

5. နောက်ထပ်ပေါ်လာတဲ့ box မှာ account name ထည့်ပေးပါ။

6. နောက်ထပ် box မှာ Computer Admin / Limited တခုခုကိုရွေးပေးပါ။

ဝင်းဒိုးစ်သို့ဝင်ရောက်ရန်ပုံစံ ရွေးချယ်ခြင်း (Welcome Screen & Fast
User Switching)

ဒီဟာကတော့ ကွန်ပြူတာစဖွင့်တဲ့အချိန်မှာ user acc: အားလုံးကို
ဖော်ပြပေးဖို့နဲ့ user acc: တခုကနေ တခုကို ပြောင်းတဲ့အချိန်မှာ Log out
လုပ်ဖို့ မလိုအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။

အဲဒီအတွက် …



1. Start > Control Panel > User Accounts ကို ဖွင့်ပါ။

2. Change the way users log on or off ကိုကလစ်လုပ်ပါ။

3. ပုံမှာပြထားတဲ့အတိုင်း check box ၂ခုလုံးကို အမှတ်ခြစ်ထားပြီး Apply
Options ကို ကလစ်လုပ်ပါ။

ဝဘ်စာမျက်နှာများကို အင်တာနက်မချိတ်ဆက်ထားဘဲ ကြည့်ရှုခွင့် (Enable Offline)

အကယ်၍ check box တွေကို ပိတ်ထားတယ် (check လုပ်လို့မရဘူးဆိုရင်) ဆိုရင်
Enable Offline ကို အရင် ပြန်ပိတ်ထားပေးဖို့ ပြောပါလိမ့်မယ်။ အဲဒီ box
တက်လာရင် Enable Offline ကိုပိတ်လိုက်ပါ (uncheck လုပ်လိုက်ပါ။)



ပြင်ပကွန်ပြူတာများနှင့် ချိတ်ဆက်မှု (Client Services for Netware)

နောက်တခုဖြစ်နိုင်တာက Client Services for Netware ရှိနေလို့ ဖြစ်ပါမယ်။
အဲဒီ Client Services ကို Unstall လုပ်ပေးရပါမယ်။ Client Services ကို
Unstall လုပ်ဖို့အတွက် …



1. Start > Control Panel > Network Connections ကိုဖွင့်ပါ။

2. Local Area Connection ကို Right Click > Properties ကို ကလစ်လုပ်ပါ။

3. အပေါ်ဆုံးမှာ ရှိနေမယ့် Client Services for Netware ကိုကလစ်လုပ်ပါ။

4. သူ့အရှေ့မှာရှိတဲ့ check box ကိုဖြုတ်ပါ။ (အမှန်ခြစ်ထားတာကို
ဖျက်ပစ်ပါ။)

5. အောက်မှာရှိတဲ့ Unstall ကို ကလစ်လုပ်ပါ။ (ခဏနေရင် Restart တောင်းပါမယ်။
Restart လုပ်ပြီးမှ Change the way users log on or off ကို
ပြန်ပြင်ပေးလို့ ရမှာဖြစ်ပါတယ်။)

0 comments:

Post a Comment